VoIP Conference System
VoIP Conferencing စနစ် ဆိုသည်မှာ IP ဖုန်းများကို အသုံးပြုပြီး ရုပ်/သံ အစည်းအဝေးများ ကို ပြုလုပ်နိုင်ခြင်း
အရည်အသွေးမြင့်မားသော ဆက်သွယ်ရေး အသုံးအဆောင်ပစ္စည်းများကိုလည်း ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်ပြီး ကျွန်တော်တို့၏ ထောက်ခံချက်ပေးထားသော IP-PBX နှင့် အိမ်သုံး ရုံးသုံး VoIP စနစ်များကို IP ဖုန်းများဖြင့် စိတ်ကြိုက် ပေါင်းစပ် အသုံးပြုနိုင်ပါပြီ။
ကျွန်တော်တို့၏ ဖောက်သည်များအတွက် အကောင်းဆုံးသော ရလာဒ် ကောင်းများ ရရှိစေရန် အလို့ငှာ နိုင်ငံတကာ ထောက်ခံချက် အပြည့်အဝ ရရှိထားသော (အရည်အသွေး ပြည့်မှီ / ပြည့်ဝသော) စက်ပစ္စည်းများကိုသာ အသုံးပြုပါသည်။
မိတ်ဆွေတို့၏မည်သည့်လုပ်ငန်းများတွင်မဆို ငွေကုန်သက်သာစေပြီး ထုတ်ကုန်စွမ်းအား တိုးတက်စေရန် အတွက် အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားသော ရုပ်သံ အစည်အဝေး ဝန်ဆောင်မှုများကို Premier Ventures Co, Ltd မှ တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါသည်။
မိတ်ဆွေသည် ရုံးအတွင်း စက်ပစ္စည်းများဖြင့် အသုံးပြုလိုပါက မိတ်ဆွေတို့၏ လုပ်ငန်းများအတွက် ရုံး တစ်ရုံး နှင့် တစ်ရုံး၊ ရုံးခန်း တစ်ခန်း နှင့် တစ်ခန်း အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်ရန် အတွက် အကြမ်းခံပြီး စွမ်းဆောင်ရည် မြင့်မားသော၊ ရွေးချယ်စရာ များပြား စုံလင်လှသော “ရုပ်သံအစည်းအဝေး” စက်ပစ္စည်းများကို စိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်ပါပြီ။ အကယ်၍ မိတ်ဆွေသည် အွန်လိုင်းမှ တဆင့် ရုပ်သံ အစည်းအဝေး ပြုလုပ်လိုပါက (သို့တည်းမဟုတ်) မိတ်ဆွေ၏ IT ပစ္စည်းများအားတစ်ခုနှင့် တစ်ခု ချိတ်ဆက်အသုံးပြုရန် “Platform” တစ်ခု လိုအပ်နေပါသလား။ Premier Ventures ရဲ့ အင်တာနက် ဖြင့် အသုံးပြုရသော ရုပ်မြင်သံကြား အစည်းအဝေး Platform က မိတ်ဆွေတို့၏ အခက်အခဲများအား ကူညီဖြေရှင်းပေးရန် အသင့်ရှိနေပါသည်။
မိတ်ဆွေတို့၏ မည်သည့်လုပ်ငန်းများတွင်မဆို ငွေကုန်သက်သာစေပြီး ထုတ်ကုန်စွမ်းအားတိုးတက်စေရန် အတွက် အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားသော ရုပ်သံ အစည်အဝေး ဝန်ဆောင်မှုများကို Premier Ventures Co, Ltd မှ တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါသည်။
- အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအတွက် ရိုးရှင်းလွယ်ကူပြီး စွမ်းဆောင်ရည် မြင့်မားသော Video Collaboration application
- ပြက္ခဒိန်မှ တဆင့် အလွယ်တကူ အစည်းအဝေး အချိန်ဇယား သတ်မှတ်နိုင်ခြင်း။
- အရေးကြီးသော လျှို့ဝှက် (End-to-end Encrypted) ရုပ်သံ အစည်းအဝေး
- စာရွက်စာတမ်းများ၊ မှတ်တမ်းများ ကို အလွယ်တကူ မျှဝေ နိုင်ခြင်း။
- အစည်းအဝေး အကြောင်းအရာများ (Meeing Minutes) နှင့် သီးသန့် မှတ်ချက်များကိုလည်း မျှဝေ နိုင်ခြင်း။
- မိမိ၏ ကွန်ပျူတာ မျက်နှာပြင် ကို မျှဝေနိုင်ခြင်း နှင့် တိုက်ရိုက် တင်ဆက်ပြသနိုင်ခြင်း။ စာတို ပေးပို့ခြင်း။
- အစည်းအဝေး အနှစ်ချုပ်များအား အလိုအလျောက် စုစည်း အစီရင်ခံ တင်ပြပေးခြင်း။
- အစည်းအဝေး တစ်ခု ချင်းစီအတွက် သီးသန့် Link များ ရှိခြင်း။
- အလွယ်တကူ အသုံးပြုနိုင်သော ကွန်ရက် အခြေခံ လုပ်ငန်းသုံး ပရိုဂရမ် တစ်ခု။
- တခြား Software ထပ်မံ ထည့်သွင်းရန် မလိုအပ်သော “Cloud” အခြေခံ စနစ်။
- ရာနှုန်းပြည့် WebRTC နှင့် HTML 5
- Virtual PBX နှင့် Outlook များတွင်လည်း လွယ်ကူစွာ ပေါင်းစပ် အသုံးပြုနိုင်ခြင်း။
GAC2500 Android Enterprise Conference Phone
GCA2500 သည် အသံပိုင်းဆိုင်ရာ HD အရည်အသွေး၊ အလိုအလျောက် အဆင့်မြှင့်တင်နိုင်ခြင်း၊ လုံခြုံ စိတ်ချမှု အတွက် အဆင့်မြင့် ကာကွယ်ရေး စနစ် ပါရှိခြင်း၊ အခြားသော SIP စက်ပစ္စည်းများနှင့် အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်ရုံမျှ မက SIP/NGN/IMS အစရှိသည့် ပလက်ဖောင်းများဖြင့်လည်း အသုံးပြုနိုင်ပါသည်။
GVC3200 Full HD Video Conferencing System
GVC3200 သည် Grandstream ၏ တောင့်တင်းကြံ့ခိုင်သော IPVideo Talk Pro cloud platform တစ်ခု ဖြစ်ပြီး မည်သည့် 3rd ပါတီ SIP ရုပ်သံ အစည်းအဝေး platform မျိုးဖြင့်မဆို အလွယ်တကူ ချိတ်ဆက်ပြီး ရုပ်သံ အစည်းအဝေးများကို ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။
GVC3202 Video Conferencing System
GVC3202 သည် ၃ဦး ၃ဖလှယ် ရုပ်သံ အစည်းအဝေးများအတွက် အနည်းငယ် အခက်အခဲ ရှိနိုင်ပေမယ့် အရည်အသွေးမြင့် Full HD monitors ၂ ခု အတွက်တော့ အဆင်ပြေပြေ ရုပ်သံ အရည်အသွေးကောင်းကောင်းဖြင့် အသုံးပြု နိုင်ပါသည်။